Myanmar National Post

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျိုက်ထို-ဘီးလင်း-သထုံ လမ်းပြင်ဆင်ဆောင်ရွက်မှုများ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများနှင့် Home Garden စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုစစ်ဆေး






ကျိုက်ထို၊ စက်တင်ဘာ  ၂၂

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့်အဖွဲ့သည် စက်တင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းက ကျိုက်ထို-ဘီးလင်း-သထုံ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး ကတ္တရာလမ်းကွက်ဖာလုပ်ငန်းဆောင်ရွက်နေမှုများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် အခြေအနေများနှင့် Home Garden စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရန်အတွက် ဆောင်ရွက်လျက်ရှိသော ဘုရားကြီး-မော်လမြိုင် လမ်း‌‌ပေါ်ရှိ မိုင်(၄၄/၀မှ ၄၄/၂)အတွင်း မိုးဒဏ်ကြောင့်ပျက်စီးသွားသော ကတ္တရာလမ်း‌ ကွက်ဖာလုပ်ငန်းဆောင်ရွက်ခြင်း၊ လမ်းပေါက်ဖာခြင်း၊ လမ်းဘေးဝဲယာခြုံရှင်းခြင်း၊ ရေနုပ်မြောင်းများကောင်းမွန်စေရန်လုပ်ငန်းဆောင်ရွက်‌မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ခိုင်ခန့်မှုရှိစေရေးနှင့် လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဝင်းကလောလမ်းဆုံ ၃၃ ကေဗွီ ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးမှုနှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေလျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ကင်မွန်းစခန်း ခွဲရုံမှ ဒေသတွင်း လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဓာတ်အားစနစ် ရေရှည်တည်တံ့ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းမိသားစုများ၏ အိမ်ခြံဝင်းအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိသည့် Home Garden စိုက်ပျိုးရေးခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားနပ်ရိက္ခာ ဖူလုံရေးအတွက် သီးပင်စားပင်များနှင့် ဟင်းသီးဟင်းရွက်များကို တိုးချဲ့စိုက်ပျိုးသွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဘုရားကြီး-မော်မြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း ဘီးလင်းမိုင်တိုင်( ၆၄/၆မှ ၆၄/၇)အတွင်း၊ သထုံမိုင်တိုင် (၆၄/၇)နှင့် ပေါင်မိုင်တိုင်(၁၁၃/၁နှင့် ၁၁၃/၂)ကြား လမ်းပျက်စီးမှုများအား ပြုပြင်နေမှုများ၊ လမ်းပေါက်ဖာခြင်း၊ လမ်းဘေးဝဲယာခြုံရှင်းခြင်း၊ ရေနုပ်မြောင်များကောင်းမွန်စေရန်လုပ်ငန်းဆောင်ရွက်‌မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#News #Myanmar


မူရင်းသတင်း — Myanmar National Post