
ကလေးမြို့ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၁ ဒသမ ၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၇၆၀၀၀၀ ပြား (ခန့်မှန်းကျပ် ၁ ဒသမ ၉ ဘီလျံ)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ မညန်ရှန်းဝုန်(ခ)ဝုန်ပီး(ခ)ချင်းမ(၃၇)နှစ်အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။