






ပခုက္ကူ၊ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ ကျောင်းသား ကျောင်းသူများစုပေါင်း၍ ငလျင်လှုပ်ခတ်ကြောင်းအချက်ပေးနှိုးဆော်ခြင်း၊ ငလျင်လှုပ်ခတ်စဉ် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခိုလှုံ နေထိုင်ခြင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံများ၏အတွင်း/အပြင်နေရာများ၌ ထိခိုက်လူနာရှိမရှိနှင့် မီးလောင်မှု ရှိမရှိ စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ ပြိုကျပျက်စီးသော အဆောက်အအုံများမှလူနာများအား Insarag Guidline နည်းဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် စစ်ဆေးကုသပေးခြင်း၊ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းစသည့် ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ကြ သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ငလျင်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကြောင့် ရရှိ လာမည့်အကျိုးကျေးဇူးများနှင့်သရုပ်ပြဆောင်ရွက်မှုအပေါ်အကြံပြုအမှာစကားများ ပြောကြားသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar