

ကျိုက်ထို၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း ဒေသခံပြည်သူများ သွားလာရေး လွယ်ကူချောမွေ့စေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းနှင့် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ကျိုက်ထိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ၊ တောင်ပိုင်းနှင့် ရွာလယ်အောက်ပိုင်းဆက်လမ်း ၂၃၅၀ပေ နှင့် ကျိုက်ပိကျေးရွာ၊ ခလုတ်ပိုင်းလမ်း(၆၁၀)ပေ ကွန်ကရစ်ခင်းခြင်း၊ ကြာဖြူ-ကျိုက်ပိလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ လမ်းအကျယ်နှင့် အထူ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပြီး လမ်းများ ရေရှည်ခိုင်ခံ့မှုရှိစေရေးနှင့် ရေနုတ်မြောင်းများ စနစ်တကျ ရှိစေရေးတို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် လမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar