Eleven Media Group

မကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရ

မကွေးတိုင်း ရေနံချောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဒေါင်းနေတံတားအနီး ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးအနက် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မကွေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group