Myanmar National Post

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၂၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့ ၂၀၃၀ အချိန် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေး သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ စောရန်နိုင်၊ နဝရတ်ဂျ်(ခ)အောင်သူရ၊ အားထူ၊ ဇော်လွင်ဦး(ခ) အဝင်း နှင့် လွမ်းကိုကိုမောင်(ခ)မှတ်ကြီး တို့ ၅ ဦးအား စိတ်ကြွဆေးပြား ၂၄ သိန်း(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၆၀၀)နှင့် လက်ကိုင်ဖုန်း ၆ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စောရန်နိုင်(၃၆)နှစ်၊ နဝရတ်ဂျ်(ခ)အောင်သူရ(၂၉)နှစ်၊ အားထူ(၂၆)နှစ်၊ ဇော်လွင်ဦး(ခ)အဝင်း(၁၉)နှစ် နှင့် လွမ်းကိုကိုမောင်(ခ)မှတ်ကြီး(၁၈)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post