Eleven Media Group

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း အောင်မြင်မှုရရှိနိုင်တယ်လို့ ရုဒ်ဂူးလစ် သုံးသပ်

Photo: X

နယ်သာလန်ဂန္ထဝင် ရုဒ်ဂူးလစ်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း အောင်မြင်မှုရရှိနိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်နေပေမဲ့ ချန်ပီယံလိဂ်ဖလား ရယူဖူးခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိခဲ့သလို၊ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့က အသင်းရဲ့ ဦးစားပေးပစ်မှတ်တစ်ခုဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
ဒီအတွက် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရုဒ်ဂူးလစ်ကို ဒီရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလား ရနိုင်သလားလို့ မေးမြန်းခဲ့ရာမှာ ရရှိနိုင်ကြောင်း ရုဒ်ဂူးလစ်က ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။
'' ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ အရမ်းကို နီးစပ်ခဲ့ပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းကလည်း သူတို့ရဲ့ ကွင်းတွင်းကွင်းပြင် ဖိအားတွေကို လျော့ပါးသွားစေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ ချန်ပီယံလိဂ်ဖလားမရနိုင်ဘူးလို့ ပြောတဲ့သူ မရှိပါဘူး။ အာဆင်နယ်အသင်းက ဒီနှစ်မှာ သူတို့ရဲ့ ဦးနှောက်ကို ပိုအသုံးပြုပြီး ကစားပါလိမ့်မယ်။ သူတို့ အခုပိုပြီး နားလည်လာပါပြီ'' လို့ ရုဒ်ဂူးလစ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲဦးထွက်မှာ နာပိုလီကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အောက်တိုဘာ(၁၃)မှာ ပွဲစဉ်(၂)အဖြစ် လိုင်လီအသင်းနဲ့ ယှဉ်ပြိုုင်ကစားရမှာပါ။

မူရင်းသတင်း — Eleven Media Group