Eleven Media Group

မော်ဂန်ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထားနေ

Photo: X

ဘိုင်ယန်မြူးနစ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မော်ဂန်ဂစ်ဘ်ဝှိုက်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လတ်တလောနှစ်ကာလတွေမှာ ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်ယူအသုံးပြုမှုက အသင်းအတွက် အကျိုးသက်ရောက်မှုများစွာ ရှိနေတာကြောင့် ပရီးမီးယားလိဂ်ကစားသမား နောက်တစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၃ နွေရာသီမှာ စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူခဲ့ပြီးနောက် ၂၀၂၄ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်ကစားသမား အိုလီဆေး၊ ၂၀၂၅ နွေရာသီမှာ လီဗာပူးလ်တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်တို့ကို ခေါ်ယူခဲ့ပြီး ဒီကစားသမား(၃)ဦးစလုံးက လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်နေတာကလည်း ပရီးမီးယားလိဂ်ကစားသမားဟောင်း ကွန်ပနီဖြစ်ပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်ကစားသမား မော်ဂန်ဂစ်ဘ်ဝှိုက်(၂၆ နှစ်)က ၂၀၂၆ ခုနှစ်အတွင်းမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံး အင်္ဂလန်ကစားသမားအဖြစ် (၁၈)ဂိုးနဲ့ ဦးဆောင်နေသူဖြစ်ကြောင်း သိရပါတယ်။
မော်ဂန်ဂစ်ဘ်ဝှိုက်ကို စပါးအသင်းကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိန်ရွယ်နေပြီး နော်တင်ဟမ်ဖောရက်စ်အသင်းက ပြောင်းရွှေ့ကြေးပေါင်(၁၂၅)သန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group