
တောင်ကြီးမြို့ရှိ အဆောက်အဦများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်း မဟုတ်လျှင် ခွင့်မပြုဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောကြားလိုက်သည်။
"ငလျင်လှုပ်ပြီးနောက်ပိုင်း အဆောက်အဦ ဆောက်မယ်ဆိုရင် စည်ပင်သာယာရေး ဌာန ကနေ စိစစ်ပေးတာ ရှိတယ်။ ငလျင်ဒဏ် ရစ်ချက်စတာ စကေး ၈ ခံနိုင်တဲ့ဒီဇိုင်း ဖြစ်ရမယ် ဒါမှ မဟုတ်ရင် ခွင့်မပြုဘူး။ ခုနောက်ပိုင်း
မရတော့ဘူး။ အထပ်မြင့်ရော တစ်ထပ်ရော နှစ်ထပ်ရော အကုန်ပါတယ်။ ဒီအဆောက်အဦ တင်မဟုတ်ဘူး၊ စည်ပင်နယ်နိမိတ်မှာ ဆောက်တဲ့ Structure မှန်သမျှပေါ့။ ရုံးတွေ စာသင်ကျောင်းတွေလည်း ပါမယ်။ ငလျင်ဒဏ်ခံနိုင်တဲ့ Design Structure မဟုတ်ရင်တော့ ခွင့်မပြုဘူး။ ဒါကတော့ တရားဝင်ပါ"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောသည်။
တောင်ပေါ်ဒေသတွင် မကြာခန Landslide ဖြစ်ခြင်း နှင့် ပတ်သက်၍လည်း ဝန်ကြီးက ကျွန်တော် အမြင်ပေါ့။ အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်တယ်။ သာမာန်ကျောက်တုံးက ဒီတိုင်း နေတာ ပြဿနာ မရှိဘူး။ ငလျင် လှုပ်ချိန်မှာ Shock Action ဝင်သွားတာပေါ့။ တွဲစပ်ထားတဲ့ အပိုင်း တွေ Lose ဖြစ်သွားတာ ရှိမယ်။ မြေကြီးနဲ့ တွဲကပ်ထားတာ Lose ဖြစ်သွားတာ ရှိမယ်။ နည်းနည်းလေး ဟ တာ ရှိမယ်။ ဒီကြားထဲမှာ မိုးတအား ရွာချိန်မှာ Layer တစ်ခု ဖြစ်သွားချိန် သူ့ ဝိတ် သူ မနိုင်တော့ဘူး။ အဲလို ပုံစံပေါ့ တကယ်လည်း အဲလို ဖြစ်ဖို့ များပါတယ်။ နွေရာသီ မဖြစ်လိုဘူးလေ။ မိုး ရွာပြီ ဆိုရင် ကျောက်နဲ့ မြေကြီးကြားထဲမှာ အလွှာ တစ်ခု ဖြစ်သွားတာပေါ့။ အဲ့အလွှာက တွယ်ကပ်မှု မရှိတော့ဘူး ဆိုရင် ဒီကျောက်တုံး သူ့ဝိတ် သူ မထိန်းနိုင်ဘဲ ကျတာပေါ့။ Geology အဖွဲ့ လာစစ်ရင်တော့ ဘယ်လို အနေအထား ရှိလဲ ဆိုတာ သူတို့ အစီရင်ခံစာထဲ ပါမှာပါ။ သိရှိရင်လည်း ပြည်သူတွေ သိရှိအောင် ပြောပေးပါမယ်။
ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောသည်။
တောင်ပေါ်မှ ပြုတ်ကျလာသော ကျောက်တုံးကြီးကို အချိန်မှီ ပြီးစီးအောင် ခွဲစိတ် ဖြတ်တောက် ရှင်းလင်းနေကြောင်းကိုလည်း သိရသည်။
“အခု သယံဇာတ ဝန်ကြီးဌာန နေပြည်တော် အဖွဲ့ပေါ့။ အသေးစိတ် တိုင်းတာ စစ်ဆေးမယ်။ ပြီးရင် အစီရင်ခံစာပြန်တင်မယ်။ တွေ့ရှိချက်ကို ပြန်တင်ပြီး ဘယ်လို ဆက်လုပ်မလဲ ပြောနိုင်မှာ ၊ အန္တရာယ် ရှိသလား ၊ မရှိသလား၊ ဘယ်လောက် အတိုင်းအတာ ထိရှိသလဲ၊ ဘယ်လို ဖယ်ရှားကြမလဲ၊ ဒါက တော့ အစီရင်ခံစာ မှာ ပါပါလိမ့်မယ်။ အောက်မှာ ပြည်သူတွေ အန္တရာယ် မရှိအောင် ဘယ်လို ကာကွယ် မလဲ အပိုင်းလည်း ပါလာမယ်။ ဒါက အစိုးရ ဆက်လက် ဆောင်ရွက်မယ်။ သူတို့ အစီရင်ခံစာ တက်လာမယ့် အပေါ် မူတည်ပြီးမှပဲ အစိုးရ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိမယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ က ပြောသည်။
လက်ရှိ ဖြစ်ပျက်နေသော တောင်ဘက် တစ်ခြမ်းရှိ ရွှေမုဠော တောင်ပေါ်ဘက်ခြမ်းကိုသာ ကနဦး စစ်ဆေးခြင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကိုလည်း သိရသည်။