Eleven Media Group

မြန်မာနိုင်ငံတွင် တရုတ်အမျိူသမီး live- streamer တင်ဆက်သူ ပြန်ပေးဆွဲခံထားရပြီး ဒေါ်လာ ၉၀,၀၀၀ ဖြင့် ပြန်ရွေးရမည်ဟု တရုတ်မီဒီယာဖော်ပြ

​အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်‌ရေးစင်တာ ကျားဖျန့်တွင် လုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းခံရသည့် နောက်ဆုံးဖြစ်စဉ်တွင်
တရုတ်အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ (Live-streamer host)အမျိုးသမီးသည် မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံရထားပြီး ငွေဖြင့်ပြန်ရွေးရမည်ဟု South China Morning Post (SCMP)က စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

​အသက် ၂၄ နှစ်အရွယ် ဝမ်ရန်သည် ထိုင်းနိုင်ငံသို့သွားရန်ပထမဦးဆုံးစည်းရုံးခံရခြင်းဖြစ်သည်ဟုတရုတ်အစိုးရမီဒီယာကဖော်ပြခဲ့သည်။

ထို့နောက်သူသည် မြန်မာနိုင်ငံ၌သူ၏ဆန္ဒမပါဘဲထိန်းသိမ်းခံထားရသည်ဟုသူ၏မိတ်ဆွေအားပြောကြားခဲ့ကြောင်းသိရသည်။
၀မ်ရန်၏ မိသားစုဝင်များ ပြောကြားချက်အရ သူ့အား ပြန်လွှတ်ပေးရန် ယွမ် ၆၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၀,၀၀၀ ခန့်) တောင်းထားသည်ဟု သိရသည်။

​၎င်းအား အွန်လိုင်းမှတစ်ဆင့် သိကျွမ်းသူတစ်ဦးက အလုပ်ကိစ္စဖြင့် ထိုင်းနိုင်ငံသို့ လာရန် ပထမဦးစွာ စည်းရုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုက စွပ်စွဲထားသည်။

Ref: SCMP

မူရင်းသတင်း — Eleven Media Group