
မန္တလေး၊ စက်တင်ဘာ ၂၅
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို ၂၃-၉-၂၀၂၆ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူ များ၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal နှင့် ကောင်စစ်ဝန် ချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်း တို့ဖြင့် အခမ်းအနားဖွင့်လှစ်၍ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms.Gao Ping က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ဆက်လက် ၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ဂုဏ်ပြုစကားနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအေးချမ်းသာယာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်းစကားတို့ကို ပြောကြားခဲ့ကြောင်းနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်မှ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
#News #Myanmar