Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နီကာရာဂွါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က  မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- နီကာရာဂွါနှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် နည်းပညာဖလှယ်ရေး၊ ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်စေလွှတ်ရေး၊ ဘာသာရပ်များအလိုက် သင်တန်းများပေးရေး၊ သုတေသနများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#News #Myanmar 

မူရင်းသတင်း — Myanmar National Post