Myanmar National Post

အစ္စရေးကိုသွားတဲ့ ဒူဘိုင်လေယာဉ်ပေါ်မှာ လေယာဉ်မှူအချင်းချင်း ဓားနဲ့ထိုးလို့ အရေးပေါ်ဆင်းသက်ခဲ့ရ


အောက်တိုဘာ - ၁ ( ကြာသပတေးနေ့)

အစ္စရေးနိုင်ငံသို့ ဦးတည်ပျံသန်းနေတဲ့ ခရီးသည်တင် လေယာဥ်တစ်စီးဖြစ်တဲ့ ဒူဘိုင်းအခြေစိုက် လေကြောင်းလိုင်း Flydubai မှ လေယာဉ်ဟာ ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုလို့ ယူဆရတဲ့ ဖြစ်စဉ်တစ်ခု ကြောင့် လမ်းကြောင်းပြောင်းပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီးနောက် အစ္စရေးသို့ ခရီးစဉ်များကို ဆိုင်းငံ့လိုက်ရပါတယ်။

"စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ်အမှတ် FZ 1073 ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အတောအတွင်း အစ္စရေးသို့ ပျံသန်းမယ့် Flydubai လေကြောင်းလိုင်း ခရီးစဉ်များကို ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်" လို့ အဆိုပါ လေကြောင်းလိုင်းက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"ခရီးသည်များ၊ လေယာဉ်အဖွဲ့သားများနှင့် လုပ်ငန်းဆောင်ရွက်မှုများရဲ့ လုံခြုံဘေးကင်းရေးနှင့် သုခချမ်းသာဟာ ကျွန်ုပ်တို့ရဲ့ အမြင့်ဆုံး ဦးစားပေး ဖြစ်ပါတယ်။ ဒီလို ယာယီဆိုင်းငံ့ထားခြင်းဖြင့် သက်ဆိုင်ရာ အာဏာပိုင်များအနေနဲ့ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အချက်အလက် အလုံးစုံကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်" လို့လည်း Flydubai က ဆက်လက်ပြောကြားခဲ့ပါတယ်။

ယူအေအီး (UAE) ၏ လေကြောင်းထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ဖြစ်သော အထွေထွေ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ (GCAA) က ဒူဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘင်ဂူရီယွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် "လုံခြုံရေးဆိုင်ရာ ဖြစ်စဉ်" တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ တာဘွတ်ခ် (Tabuk) မြို့သို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။   

ခရီးသည်အများစုမှာ အစ္စရေးနိုင်ငံသားများ ဖြစ်ကြပြီး အစ္စရေး တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောကြားချက်အရ ပိုင်လော့ (လေယာဉ်မောင်းခန်း) အတွင်း ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ဒုတိယလေယာဉ်မှူး က ပင်မလေယာဉ်မှူးအား ဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လေယာဉ်မှာ ရုတ်တရက် ထိန်းချုပ်မှုလွတ်ကာ ထိုးဆင်းသွားခဲ့ရပါတယ်။ ထို့နောက် ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများက တိုက်ခိုက်သူကို ဝိုင်းဝန်း ထိန်းချုပ်နိုင်ခဲ့သဖြင့် လေယာဉ်ပေါ်ပါ ခရီးသည် ၁၇၄ ဦးစလုံး ထိခိုက်သေဆုံးမှု မရှိဘဲ ဘေးကင်းစွာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အတွင်း ပင်မလေယာဉ်မှူးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ 


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post