Eleven Media Group

■ စစ်ပွဲအဆုံးသတ်ရေးအဆိုပြုချက်ကို အမေရိကန်ဘက်မှတုံ့ပြန်မှုအားလက်ခံရရှိသည် ဟု အီရန်ပြောကြား

အီရန်အာဏာပိုင်များက ၎င်းင်းတို့သည် အရှေ့အလယ်ပိုင်းစစ်ပွဲပြီးဆုံးရေးအတွက် ၎င်းင်းတို့အဆိုပြုထားသောကိစ္စနှင့်ပတ်သက်၍ တရားဝင်အမေရိကန်တုံ့ပြန်မှုကို လက်ခံရရှိခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားကြောင်း အီရန်အစိုးရပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အီရန်၏အဆိုပြုချက်ကို အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်၏တုံ့ပြန် ချက်ကို လက်ခံရရှိခြင်းဖြစ်သည်ဟု အီရန်က ဆိုသည်။

"ဒီကနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်း အဝေးမှာ အမေရိကန်ရဲ့အဆိုပြုချက်ကို နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက သမ္မတမာမွတ်ပီဇက်ခီယန်ထံ တင်ပြခဲ့ပါ တယ်"ဟု အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖာတီမာမိုဟာဂျာရာနီက အီရန်အစိုးရသတင်းဌာန IRNAကို ပြောကြားခဲ့သည်။

အမေရိကန်ဘက်က အကြောင်းပြန်လာသောကိစ္စကို သူကအသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ ခုနစ်လကြာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်
အမေရိကန်နှင့် အီရန်တို့၏သွယ်ဝိုက်ဆွေး နွေးမှုများကို လွန်ခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာ ခံ၏ဘေးဆွယ်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေးနှင့် ဟော်မုဇ်ရေ လက်ကြားပြန်ဖွင့်ရေးအတွက် အချက်ခုနစ် ချက်ကို တင်ပြခဲ့သည်ဟု အီရန်က ပြောကြားသည်။

စည်းကမ်းသတ်မှတ်ချက်အားလုံးကို အများသိအောင်ချပြခြင်းမရှိသော်လည်း အီရန်က လက်ဘနွန်အပါအဝင် အရှေ့အလယ်ပိုင်း၌
အပစ်အခတ်ရပ်စဲရေးကို သိသိသာသာ တောင်းဆိုထားသည်။ လက်ဘနွန်ရှိဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group