
မန္တလေးတိုင်း မလှိုင်မြို့နယ် ညောင်ပင်တဲကျေးရွာရှိ ကျောက်စီရေကန်တွင် အမျိုးသားသုံးဦး ရေဆင်းချိုးရာမှ သုံးဦးစလုံး ရေနစ်သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွ့ဲမှ သိရသည်။
စက်တင်ဘာ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၊ ကျောက်စီရေကန်တွင် အမျိုးသားသုံးဦး ရေဆင်းချိုးရာမှ ရေနစ်နေကြောင်း သတင်းရရှိသဖြင့် မလှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ရေနစ်သေဆုံးသူ အမျိုးသားသုံးဦးအား ညောင်ပင်တဲကျေးရွာ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မလှိုင်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွ့ဲမှ သိရသည်။