Eleven Media Group

■ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် ဒုဌဝတီမြစ်ကမ်းပါးပြိုကျ၍ နေအိမ်ငါးလုံး ပျက်စီး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုဋ္ဌဝတီမြစ်ကမ်းပါးပြိုကျမှု စက်တင်ဘာ ၃၀ ရက်နေ့ နေ့ခင်းပိုင်းက ဖြစ်ပွားခဲ့ပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည် ။

အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားရာသို့ အမရပူရမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်း၊ တောင်သမန်အရန်မီးသတ်စခန်း၊ ရွှေကြက်ယက်အရန်မီးသတ်စခန်း၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ကမ်းပါးပြိုကျမှု ထက်မံဖြစ်ပွားနိုင်သည့်နေရာမှ ကျန်ရှိနေအိမ်များကို အရေးပေါ် ရွှေ့ပြောင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည် ။

မူရင်းသတင်း — Eleven Media Group