
အောက်တိုဘာ - ၁ ( ကြာသပတေးနေ့ )
နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ကို အကြီးအကျယ် ပြန်လည်တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ယူဆနေကြကြောင်း နဲ့ အမေရိကန်နဲ့ အီရန်တို့ သီးခြားပြုလုပ်တဲ့ ကြိုကြား ကြိုကြား ဆွေးနွေးပွဲတွေမှာလည်း အဖြေမထွက်ခဲ့ဘူး လို့ ဒီကိစ္စကို နီးစပ်သိရှိသူတွေကို ကိုးကားပြီး Axios သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
တနင်္လာနေ့တုန်းက နယူးယောက်မှာ အမေရိကန်နဲ့ အီရန် ဆွေးနွေးဘက်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့ပွဲ မှာ ကာတာ စေ့စပ်သူတွေကတော့ ဘယ်ဘက်ကမှ လျှော့မပေးချင်ကြတဲ့အတွက် စိတ်ပျက်အားလျှော့ လာနေကြပြီလို့ ဆိုပါတယ်။
"စကားဝိုင်းက တစ်ဆို့နေပါတယ်။ အီရန်က လက်မခံနိုင်တဲ့အရာတွေကို တောင်းဆိုနေသလို၊ အမေရိကန်ဘက်ကလည်း သူတို့နိုင်နေတယ်လို့ ထင်နေတာမို့ လျှော့ပေးစရာမလိုဘူးလို့ ယူဆနေကြတယ်" လို့ Axios က သတင်းရင်းမြစ်တစ်ခုကို ကိုးကားဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့ရေကြောင်းကနေ စွမ်းအင်သယ်ယူပို့ဆောင်ရေးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရည် (LNG) စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက် ဖြတ်သန်းနေတဲ့ ဟောမုဇ် ရေလက်ကြား ကို ပြန်ဖွင့်ပေးဖို့ အီရန်ရဲ့ အဆိုပြုချက်ကို ထရမ့်က ပြီးခဲ့တဲ့သီးတင်းပတ်က ငြင်းပယ်ခဲ့ပါတယ်။
ဒါ့အပြင် အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး လျှော့ပေးမှုကို လဲလှယ်တဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးမယ်၊ ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေကို ပြန်လွှတ်ပေးမယ် ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုခဲ့ပါတယ်။ "ကျနော်သူတို့ကို ဘာမှ ကမ်းလှမ်းခဲ့တာ မရှိဘူး" လို့ တနင်္လာနေ့တုန်းက ထရုသ်ဆိုရှယ် မှာ သူက ရေးတင်ခဲ့ပါတယ်။
အမေရိကန် မဲဆန္ဒရှင်ထုကြားထဲမှာ အီရန်စစ်နဲ့ ပတ်သက်ပြီး အများအားဖြင့် ရေပန်းမစားဘဲ ဖြစ်နေပါတယ်။ ဒီစစ်ပွဲကြောင့် သမ္မတ ထရမ့်ရဲ့ ထောက်ခံသူအင်အားစုကြားမှာပင် အတော်လေး သဘောထားကွဲလွဲ ခဲ့ကြပြီး၊ သမ္မတဟာ "စစ်ပွဲသစ်တွေ မစတင်ဘူး" ဆိုတဲ့ ကတိကဝတ်နဲ့ "မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေ" ကို ဆန့်ကျင်ကြောင်း ပြောဆိုချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အချို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။
မနားတမ်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပေမဲ့ အီရန်ကို လက်နက်ချအနိုင်မယူနိုင်ခဲ့သလို ပင်တဂွန်ရဲ့ စစ်ဆေးရေးမှူးချုပ်ရဲ့ အဆိုအရ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက် စုဆောင်းထားရှိမှုတွေကိုလည်း သိသိသာသာ ပြုန်းတီးသွားစေခဲ့ပါတယ်။ အမေရိက မှာ စွမ်းအင်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေရပါတယ်။ "ဒေါ်နယ်ထရမ့်အနေနဲ့ ကြွားဝါတာတွေ၊ လူမှုကွန်ရက်ပေါ် စာတင်တာတွေ လုပ်ရုံနဲ့တော့ စွမ်းအင်ဈေးကွက်ကို တည်ငြိမ်အောင် မလုပ်နိုင်သလို၊ ပိတ်ဆို့အရေးယူမှုနဲ့ ရန်လိုတဲ့ မူဝါဒတွေကြောင့် ပေးဆပ်နေရတဲ့ စရိတ်စကတွေကိုလည်း ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး" လို့ အီရန် လုံခြုံရေးအရာရှိတစ်ယောက်က ပြီးခဲ့တဲ့သီးတင်းပတ်က RT သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Fox News သတင်းဌာန ရဲ့ လတ်တလော စစ်တမ်း အရ အမေရိကန်မှာ မဲစာရင်းသွင်းထားတဲ့ မဲဆန္ဒရှင် ၇၁ ရာခိုင်နှုန်းက ထရမ့်အစိုးရမှာ "အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ သဲသဲကွဲကွဲ နည်းဗျူဟာ မရှိဘူး" လို့ ယူဆနေကြပြီး၊ ၆၀ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ရေးအရ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
REF: RT
#News #Myanmar