





ပခုက္ကူ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ပေးပို့သည့် (၆၂)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့သဝဏ်လွှာအား ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးလွင်က ဖတ်ကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်ဖွဲ့ဝင်များ၏သားသမီး များ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများမှ နေအိမ်လိုင်းခန်းသန့်ရှင်းသပ်ရပ်မှုဆုတို့ကို ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကြည်ခိုင်နှင့်တာဝန်ရှိသူများက ဂုဏ်ပြု ဆုနှင့်ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar