Eleven Media Group

လေယာဉ်ပျက်မကျအောင် လမ်းကြောင်းပြောင်းမောင်းနှင်ခဲ့သည့် အိန္ဒိယလေယာဉ်မှူးကို အစ္စရေးဝန်ကြီးချုပ်က ထုတ်ဖော်ချီးကျူး

အစ္စရေးခေါင်းဆောင်က ဒူဘိုင်း-တဲလ် အဗစ်လေကြောင်းခရီး၏လေယာဉ်မှူးကို ချီးကျူးလိုက်သည့်အပြင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များကိုလည်း ထုတ်ဖော်ချီးကျူးခဲ့သည်။

ဒုတိယလေယာဉ်မှူးက လေယာဉ်မှူးကို ဓားဖြင့်ထိုးခဲ့ပြီးနောက် လေယာဉ်ကို ထိန်းချုပ်ရေးအတွက် တိုက်ခိုက်ခဲ့ကြရာ အရေးပေါ်ဆင်းသက်ခဲ့ရသည့် အခြေအနေဖြစ်ပေါ်ခဲ့သည်။

Flydubai လေကြောင်းလိုင်း လေယာဉ်၏ဒုတိယလေယာဉ်မှူးသည် လေယာဉ်ပျက် ကျအောင်ကြိုးစားခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသတ်အားလုံးကို သတ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းလုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားမှုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေး၏အရှေ့အလယ်ပိုင်း မိတ်ဖက်နိုင်ငံတစ်နိုင်ငံနှင့် အစ္စရေးတို့၏ဆက်ဆံရေးကို ထိခိုက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ခရီးသည်များကလည်း ယင်းဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အလားတူ ပြောကြားခဲ့ကြသည်။ Flightradar 24 ဝက်ဆိုက်၏ဖော်ပြချက်အရ လေယာဉ်သည် ရုတ်တရက်ထိုးစိုက်ဆင်းသွားခဲ့ပြီး တစ်မိနစ်အ တွင်း အမြင့်မှ ပေ ၁၇,၀၀၀ နီးပါး ပြုတ်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။

Flydubai လေကြောင်းလိုင်ကပြော ကြားရာတွင်လေယာဉ်ပေါ်တွင်လိုက်ပါလာသောခရီးသည် ၁၇၄ ဦးထဲက ၁၆၆ ဦးမှာ အစ္စရေးနိုင်ငံသားများဖြစ်သည်ဟု ပြောကြားကြောင်း မီဒီယာ၏ဖော်ပြချက်အရသိရသည်။ ခရီးသည် အားလုံးဘေးကင်းကြသည်ဟုဆိုသည်။ လေယာဉ်မှူးနှစ်ဦး ခိုက်ရန်ဖြစ်ပွားရ ခြင်း၏အကြောင်းရင်းကို မသိရဟုဆိုသည်။

ကနဦးလေယာဉ်ခရီးကို ဆော်ဒီအာရေဗျ၏ တာဘွတ်သို့လမ်းကြောင်းပြောင်း ပျံသန်းသွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဒူဘိုင်းလေကြောင်းလိုင်း၏နောက်ထပ်လေယာဉ်တစ်စင်းက ခရီးသည်များကို တင် ဆောင်ပြီး တဲလ်အဗစ်လေဆိပ်သို့ဆင်းသက် ခဲ့သည်ဟု AFP TV ကထုတ်လွှင့်သောပုံများတွင် တွေ့ရသည်။

“နိုင်ငံရဲ့အနားကို ချဉ်းကပ်လာတဲ့ ခရီးစဉ်အတွင်းမှာ လေယာဉ်မှူးတစ်ဦးကအခြားလေယာဉ်မှူးကို ဓားနဲ့ထိုးခဲ့ပါတယ်။ လူတွေ ရှိနေတဲ့လေယာဉ် ပျက်ကျသွားအောင်ကြိုး စားတယ်ဆိုတာ ထင်ရှားပါတယ်”ဟုု နေတန်ယာဟုက ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group