
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခု အောက်တိုဘာလဆန်းပိုင်းတွင် ကုန်ဝင်ရောက်မှု ပိဿချိန် အနည်းငယ်သာ ရှိတော့ပြီး တစ်ပိဿ ကျပ် ၈၀၀၀ ကျော်ထိ ရောက်ရှိကြောင်း သိရသည်။
ကုန်ဝင်ရောက်မှုနည်းပါးသည့်အတွက် လှောင်ကုန်အချို့ရောင်းချကြပြီး လက်လီစျေးကွက် အတွင်း ကြက်သွန်နီထိပ်စတစ်ပိဿ ကျပ် ၁၀၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာကြောင်း သိရသည်။
` ကုန်ဝင်ကတော့ ပိဿချိန် ထောင်ဂဏန်းပဲရှိတော့တယ်။ တောင်သူရော ကုန်သည်ရောဆီမှာ ကြက်သွန်လက်ကျန်ရယ်လို့ မရှိသလောက်ပဲ။ မိုးကြက်သွန်သစ် မပေါ်မချင်းက စျေးအမြင့်ပဲသွားနေမှာပါ ́ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး ကပြောသည်။
ပခုက္ကူစျေးကွက်အတွင်း ပိဿချိန် ၃၀၀၀ အောက်သာ ဝင်ရောက်သည့် အောက်တိုဘာလ ၁ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၆၈၀၀ - ၇၂၀၀ ကျပ် ၊ ဂျွတ်လတ်တစ်ပိဿ ၇၃၀၀ - ၇၉၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၈၀၀၀ - ၈၅၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုနှစ် ရောင်းဝယ်မှုမှာ စံချိန်တင် စျေးနှုန်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၏ ရှေ့နှစ်များတွင် တစ်ပိဿ ကျပ် ၄၀၀၀ ခန့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။