Myanmar National Post

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ယူနန်ပြည်နယ် အမြဲတမ်း ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ







ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် ယူနန်ပြည်နယ် အမြဲတမ်း ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့အား ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post