Eleven Media Group

■ ကလေးဝမြို့၏ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာကို ဗဟိုပြု၍  အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ မြို့အနီးကို ဗဟိုပြု၍ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု အောက်တိုဘာ ၂ ရက် ညပိုင်းတွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ည ၁၁ နာရီ၊ ၂၅ မိနစ်၊ ၃၂ စက္ကန့်တွင် ဟားခါး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၆၀) ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၆) ဒီဂရီ၊ အနက် (၇၇) ကီလိုမီတာ ကို ဗဟိုပြု၍ ပမာဏ ၄.၄ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု
လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။

■

မူရင်းသတင်း — Eleven Media Group