Myanmar National Post

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၃

လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့် နည်းပညာများအဖြစ် ပြောင်းလဲနိုင်ရန် Prototype ဖန်တီးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့ကို ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများအနက် ပြည်တွင်း၌ သုတေသနပြုဖွံ့ဖြိုးနိုင်မည့် နည်းပညာနယ်ပယ်များကို ဦးစားပေးသတ်မှတ်ရန်၊ EV Engineering ၊ Battery Techn-ology ၊ Power Electronics၊ Embedded Systems ၊ Charging Technology စသည့် နည်းပညာ ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ပြောကြားသည်။

ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်း ကော်မတီအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ နည်းပညာ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ သုတေသနနှင့် နည်းပညာဆိုင်ရာ အချက်အလက်များကို စုစည်းအသုံးချနိုင် ရေးအတွက် EV Technology and Research Database တည်ဆောက် နိုင်ရေးကိုလည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် သုတေသနရလဒ်များကို လက်တွေ့အသုံးချနိုင်သည့်နည်းပညာများ အဖြစ်ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းတစ်ခုချင်းစီအတွက် Action Plan ရေးဆွဲအကောင် အထည်ဖော်ရန် ဆွေးနွေးပြော ကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများက လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေး၊ နည်းပညာလွှဲပြောင်းရေး၊ စမ်းသပ်စစ်ဆေးရေး၊ လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပြည်တွင်းထုတ်လုပ်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post