

နေပြည်တော်၊ အောက်တိုဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် ၆၈ / ၂ဝ၂၆ ( ၂ဝ၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ) ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ရာတွင် ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပြောင်းလဲ ခန့်အပ်ထားသည်။
လက်ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ဦးမောင်မြင့်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်း သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ၂၀၁၂-၂၀၁၃ အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းကာလ ၂၀၁၃-၂၀၁၆ အထိ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
#News #Myanmar