Myanmar National Post

ထရမ့်ရဲ့သားတွေက ယူကရိန်းစစ်ပွဲမှာသုံးတဲ့ ဒရုန်းတွေကို ထုတ်ဖို့အတွက် လုပ်နေ


အောက်တိုဘာ - ၃ ( စနေနေ့ ) 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားတွေနဲ့ ပတ်သက်မှုရှိတဲ့ အမေရိကန် ဒရုန်းကုမ္ပဏီတစ်ခုဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို အမေရိကန်ဆီ ယူဆောင်လာချင်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ယူကရိန်းဘက်မှာတော့ လက်နက်ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လာဘ်စားမှု သတင်းဆိုးတွေ ထွက်ပေါ်နေပေမဲ့လည်း ဒေါ်လာဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ လက်နက်တင်ပို့ရောင်းချမှုတွေကို ဆက်လက် လုပ်ဆောင်နေတာပါ။

Powerus ကုမ္ပဏီဟာ ယူကရိန်း စစ်ဘက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး အဝေးပစ် တိုက်ခိုက်ရေးဒရုန်းတွေ အပါအဝင် သူတို့ရဲ့ နည်းပညာတွေကို အမေရိကန်မှာ ထုတ်လုပ်သွားချင်နေတာဖြစ်ပါတယ်။ ကုမ္ပဏီဥက္ကဋ္ဌ ဘရက်ဗီလီကိုဗစ် ရဲ့ အဆိုအရ ပြီးခဲ့တဲ့ မတ်လက မိတ်ဆက်ခဲ့တဲ့ သူတို့ရဲ့ ဂါးဒီယန်း ကြားဖြတ်ဟန့်တားရေး ဒရုန်းများကိုလည်း ယူကရိန်း မိတ်ဖက်တွေနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ဂေါက်ကွင်း လုပ်ငန်းလုပ်ကိုင်သူ အောရီးယက်ဂရင်းဝေးဟိုးဒင်း နဲ့ ပူးပေါင်း ပေါင်းစည်းမှုကို ကြာသပတေးနေ့က ပြီးစီးခဲ့တာပါ။ ဒေါ်နယ်ထရမ့်ဂျူနီယာနဲ့ အဲရစ်ထရမ့်တို့ ဟာ အမေရိကန်ဗန်ချာ လုပ်ငန်းတွေ ကတစ်ဆင့် အောရီယက် မှာ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံထားကြပြီး ပေါင်းစည်းထားတဲ့ လုပ်ငန်းစုရဲ့ ၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာဖြစ်ကြောင်း စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ မှတ်တမ်းများအရ ခန့်မှန်းထားပါတယ်။

အမေရိကန် စစ်တပ်အထူးစစ်ဆင်ရေး ထောက်လှမ်းရေး သုတေသီဟောင်း ဖြစ်သူ ဗီလီကိုဗစ် က Powerus ကို ပန်တာဂွန် (အမေရိကန် စစ်ကာကွယ်ရေးဝန်ကြီးဌာန) အတွက် ဝန်ဆောင်မှု အစုံအလင် ပေးနိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာစေချင်ပြီး ပြည်ပ နည်းပညာတွေကို အမေရိကန် ပုံစံမျိုးနဲ့ ဝန်ဆောင်မှု ပေးသွားချင်တယ်လို့ ရိုက်တာ ကို ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post