Myanmar National Post

ရေနံချောင်းမြို့နယ်၌ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်




ရေနံချောင်း၊ အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပွားကာ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် နေအိမ်များပေါ်သို့ သစ်ပင်သစ်ကိုင်းများကျိုးကျပြီး ထိခိုက်ပျက်စီးခဲ့သည့်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အဆိုပါဘေးသင့်ပြည်သူများအား ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် နေအိမ်များထိခိုက်ပျက်စီးခဲ့သည့် ဘူးကျွန်းကျေးရွာမှနေအိမ်ခုနှစ်လုံး၊ ‌ဖောင်းကတောကျေးရွာမှ နေအိမ်လေးလုံးနှင့် ဆုံတိုက်ရပ်ကွက်မှ နေအိမ်တစ်လုံး စုစုပေါင်း နေအိမ် ၁၂ လုံးတို့မှ ဘေးသင့်ပြည်သူ ၅၄ ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၆၀၀၀၀၀ ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၂၇၀၀၀၀ကျပ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုစိုးကြီး

#News #Myanmar

မူရင်းသတင်း — Myanmar National Post