Eleven Media Group

သံလွင်တံတား (မော်လမြိုင်)၊ သံလွင်တံတား (ချောင်းဆုံ) နှင့် အတ္ထရံတံတး (မော်လမြိုင်) တို့အား အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ နေ့စဉ် နံနက် (၄) နာရီမှ ည (၉) နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ထားဟုဆို

သံလွင်တံတား (မော်လမြိုင်)၊ သံလွင်တံတား (ချောင်းဆုံ) နှင့် အတ္ထရံတံတး (မော်လမြိုင်) တို့အား အောက်တိုဘာလ (၁) ရ က်နေ့မှစတင်ကာ နေ့စဉ် နံနက် (၄) နာရီမှ ည (၉) နာရီအချိန်အထိ တိုးမြှင့်ဖွင့်လှစ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ အောက်တိုဘာလ (၅) ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်မှမေးမြန်းခဲ့သည့် သံလွင်တံတား (မော်လမြိုင်) အား တံတားဖွင့်ချိန်တိုးမြှင့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအား ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာမြင့်က ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်မြို့သည် ပေါင်မြို့နယ်ဘက်မှလာရောက်ပါက သံလွင်တံတား (မော်လမြိုင်) အားလည်းကောင်း၊ ဘားအံမြို့ဘက်မှလာရောက်ပါက အတ္ထရံတံတား (မော်လမြိုင်) အားလည်းကောင်း၊ ချောင်းဆုံမြို့ဘက်မှ လာရောက်ပါက သံလွင့်တံတား(ချောင်းဆုံ) အားလည်းကောင်း ဖြတ်သန်း၍ လာရောက်ရပါကြောင်း၊ (၂၀၂၅) ခုနှစ် (၁၀) လပိုင်းခန့်မှစ၍ အဆိုပါတံတား (၃) စင်းအား မော်လမြိုင်မြို့အတွင်း အေးချမ်းသာယာရေးနှင့်တရား ဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးမည့်သူများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများမှ မော်လမြိုင် မြို့အတွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ ဝင်ရောက်ဆောင်ရွက် မှုမရှိစေရေးကို ရှေးရှု၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ညွန်ကြားချက်ဖြင့် နေ့စဉ် နံနက် (၅) နာရီမှ ည (၈) နာရီအချိန်အထိသာ မော်တော်ယာဉ်များ၊ မော်တာ်ဆိုင်ကယ်များအား ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပါကြောင်း ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့် ကပြောကြားသည်။

သို့သော် ဒေသခံပြည်သူများ၏ အရေးပေါ်ကိစ္စရပ်များ အရေးကြီးကိစ္စရပ်များ၊ ကျန်းမာရေး၊ လူမှုရေးစသည်ဖြင့် သွားလာမည်ဆိုပါက တံတားလုံခြုံရေးအရာရှိများအား ခွင့်ပြုချက်တောင်းခံ၍ မှန်ကန်ပါက သွားလာခွင့်ပြု လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

သို့ဖြစ်စဉ်ပါ၍ (၂၀၂၆) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ သံလွင့်တံတား (မော်လမြိုင်) သံလွင် တံတား(ချောင်းဆုံ) အတ္ထရံတံတား (မော်လမြိုင်) တို့အား လတ်တလောလုံခြုံရေးအခြေအနေများနှင့် နယ်မြေအခြေအနေများအရ နေ့စဉ် နံနက် (၄) နာရီမှ ည (၉) နာရီအချိန်အထိ တိုးမြှုင့်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင်က ဆက်လက်ပြောကြားသည်။

သံလွင်တံတား (မော်လမြိုင်) အား (၂၀၂၅) ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ မတိုင်ခင်ကာလက နံနက် (၅) နာရီအချိန်မှ ည (၉) နာရီအချိန်အထိ ဖွင့်လှစ်ထားခဲ့ရာမှ ယင်းနေ့နောက်ပိုင်းကာလတွင် နံနက် (၆) နာရီမှ ည (၈) နာရီအချိန်အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်းနှင့် ယခု (၂၀၂၆) ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ နံနက် (၄) နာရီမှ ည (၉) နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group