Myanmar National Post

ရုရှားသမ္မတ ပူတင်က ကမ္ဘာ့ဆရာများနေ့အတွက် ဂုဏ်ပြုစကား ပြောကြား


အောက်တိုဘာ - ၅ ( တနင်္လာနေ့ ) 

ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဆရာ၊ ဆရာမတွေ၊ နည်းပြတွေနဲ့ မျိုးဆက်သစ်လူငယ်တွေကို ပညာသင်ပေး၊ လမ်းပြပေးဖို့အတွက် ခွန်အား၊ စွမ်းအင်နဲ့ အသိပညာတွေကို စေတနာထားပြီး ပေးဆပ်နေကြတဲ့ သူအားလုံးကို ဒီကနေ့ ကျရောက်တဲ့ ဆရာများနေ့မှာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်" လို့ သမ္မတက ဂုဏ်ပြုစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဆရာလုပ်တယ်ဆိုတာ အလုပ်တစ်ခုထက် ပိုပါတယ်လို့လည်း ရုရှားခေါင်းဆောင်က ဆိုပါတယ်။ "ဒါဟာ သာမန်အလုပ်မဟုတ်ဘဲ တာဝန်ကြီးမားတဲ့ မြင့်မြတ်တဲ့ ခေါ်ယူခြင်းတစ်ရပ် ဖြစ်ပါတယ်။ ပညာရှိမှု၊ သည်းခံနိုင်စွမ်းနဲ့ ကလေးတွေ၊ ကျောင်းသားတွေအပေါ် အမြဲတမ်း ဂရုစိုက်ပေးမှုတွေ လိုအပ်သလို ကလေးတစ်ယောက်ချင်းစီမှာရှိတဲ့ ထူးခြားတဲ့ ပါရမီတွေနဲ့ အကောင်းဆုံး အရည်အသွေးတွေကို ဖော်ထုတ်ပေးနိုင်စွမ်းလည်း ရှိရပါမယ်" လို့ သမ္မတက ပြောခဲ့ပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ ဂရုစိုက်မှု၊ အတွေ့အကြုံနဲ့ စာနာနားလည်မှုတွေက ကျောင်းသားတွေကို မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ကူညီပေးပါတယ်လို့ ပူတင်က ထောက်ပြခဲ့ပါတယ်။ "ဆရာတို့ရဲ့ အကြံဉာဏ်၊ လမ်းညွှန်မှုနဲ့ ကူညီပံ့ပိုးမှုတွေဟာ ကျောင်းသားတွေရဲ့ လူကြီးဘဝ ရောက်တဲ့အထိ ခိုင်မာတဲ့ အုတ်မြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်" လို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။


Ref: Tass

#News #Myanmar

မူရင်းသတင်း — Myanmar National Post