Myanmar National Post

ကျောက်တံခါးမြို့နယ်၌ မြို့နယ်အတွင်းရှိတောင်သူများအား ဆောင်းသီးနှံဆီထွက်ပဲပုပ်မျိုးစေ့များပေးအပ်



ကျောက်တံခါး၊ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြို့နယ်အတွင်းရှိ တောင်သူများအား ဆောင်းသီးနှံဆီထွက်ပဲပုပ် ဧက (၃၀၀၀) စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံဆီထွက်ပဲပုပ်မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဆင်ဇလုပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျင်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်က ဆောင်းသီးနှံဆီထွက်ပဲပုပ်ဧကများ စီမံကိန်းတာဝန်ပေးခြင်းနှင့် ဆောင်းသီးနှံဆီထွက်ပဲပုပ်မျိုးစေ့ များ ပေးအပ်ခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျင်ဆန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်တို့က ဆောင်းသီးနှံဆီထွက်ပဲပုပ် စိုက်တောင်သူများထံသို့ ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးမင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post