Myanmar National Post

ပေါက်ခေါင်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း


ပေါက်ခေါင်း, စက်တင်ဘာ ၂၉

ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် အပူချိန်မြင့်မားမှုများ ဖြစ်ပေါ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေမြောင်းပိတ်ဆို့မှုများ၊ ရေးကြီး/ ရေလျှံမှုများ ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က အမှတ် (၃) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း အနောက်ဘက်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရေမြောင်းအားတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ရှိ တာဝန်ခံအင်ဂျင်နီယာများမှ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post