သာယာဝတီ ,စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၊ တည်ဆောက်ရေး ၉ လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် မြို့နယ်အတွင်းပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေး အသိပညာပေး နှိုးဆော်ခြင်းအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကျရောက်လာပါက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost