ဝမ်းတွင်း , စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထနောင်းကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းနိုင်ရေးအဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက်၉နာရီက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းအိအိသွယ်၏လမ်းညွှန်မှုဖြင့် ထနောင်းကုန်းကျေးလက် ကျန်းမာရေးဌာနမှဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ထနှောင်းကုန်းကျေးရွာ၌ရေတွင်း ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ ခြင်ပေါက် ပွားမှုမရှိစေရေးအတွက် ( ဖုံး၊ သွန် ၊ လဲ ၊ စစ် ) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိ စေရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost