Myanmar National Post

ဟူသီတွေက ဆော်ဒီနိုင်ငံအနှံ့ကို ဒုန်းတွေ ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်

 


အောက်တိုဘာ - ၆ ( အင်္ဂါနေ့ ) 

အန်ဆာအလာ လို့ အမည်ရတဲ့ ယီမင် ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းမှာရှိတဲ့ လေဆိပ်တွေ၊ စစ်အခြေစိုက်စခန်းတွေနဲ့ ရေနံအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အကြီးစား ဒုံးကျည်/ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီထဲမှာ ရိယတ်မြို့ရဲ့ အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒုံးကျည်နဲ့ တိုက်ရိုက်ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တယ်လို့လည်း ကြေညာထားပါတယ်။

ဟူသီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယားဟ်ယာ ဆာရီး က ယီမင်နိုင်ငံပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ပဲ့ထိန်းဒုံးကျည်၊ ခရုစ်ဒုံးကျည်နဲ့ ဒရုန်း အရေအတွက်အမြောက်အမြားကို အသုံးပြုပြီး စစ်ဆင်ရေး ၃ ခု လုပ်ဆောင်ခဲ့တာလို့ တနင်္လာနေ့ညမှာ ပြောသွားပါတယ်။

ပထမစစ်ဆင်ရေးအနေနဲ့ ရိယတ်မြို့က ဘုရင်ခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထားခဲ့ပြီး "တိုက်ရိုက်နဲ့ တိတိကျကျ ထိမှန်ခဲ့တာကြောင့်" လေကြောင်းလိုင်း သွားလာမှုတွေ ထိခိုက်သွားခဲ့တယ်လို့ ဆာရီး က အခိုင်အမာ ပြောပါတယ်။

ဒုတိယစစ်ဆင်ရေးကတော့ ရာဘိဂ် မြို့မှာရှိတဲ့ အစိုးရပိုင်ဆော်ဒီအာရမ်ကို  ရေနံသန့်စင်စက်ရုံကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး၊ တိုက်ရိုက်ထိမှန်ခဲ့တာကြောင့် မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တတိယစစ်ဆင်ရေးမှာတော့ အဘ်ဟာ လေဆိပ်၊ ခါမီးစ် မူရှိုက်လေတပ်စခန်း၊ အာကီးဖာ စစ်စခန်းအပြင် နာဂျရန် နဲ့ ဂျီဇန် ဒေသတွေမှာရှိတဲ့ အခြား အရေးပါတဲ့ စစ်ရေး/စီးပွားရေး နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာဏာပိုင်တွေဘက်ကတော့ လေဆိပ်နဲ့ ရေနံသန့်စင်စက်ရုံတို့ တိုက်ရိုက်ထိမှန်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ သို့မဟုတ် ဘုရင်ခါလစ်လေဆိပ်မှာ ခရီးစဉ်တွေ ထိခိုက်မှုရှိမရှိဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒါပေမဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ရိယတ်အပါအဝင် အခြားဆော်ဒီမြို့တွေနဲ့ "အရပ်ဘက်/စီးပွားရေး အခြေခံအဆောက်အအုံတွေ" ကို ဟူသီအဖွဲ့က ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်နေတာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သလို၊ နိုင်ငံတော်ရဲ့ ကာကွယ်ပိုင်ခွင့်အတိုင်း ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း ထပ်လောင်းပြောဆိုထားပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post