Myanmar National Post

ရုရှား နဲ့ ပေါင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဇီလန်းစကီး က ထရမ့်ကို မကျေနပ်ဘူးလို့ ပြော



အောက်တိုဘာ - ၁၀ ( စနေနေ့ )

ယူကရိန်းသမ္မတ ဇီလန်းစကီးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုရှားဒီဇယ်ဆီ ပိတ်ဆို့မှု ရုပ်သိမ်း လိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ ဝါရှင်တန်ဒီစီအနေနဲ့ ကိယက်ဗ် (ယူကရိန်း) ကို ကျောခိုင်းပြီး မော်စကိုနဲ့ လျို့ဝှက်သဘောတူညီချက်တစ်ခု လုပ်ဆောင်ခဲ့တယ်လို့လည်း ၎င်းက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဇီလန်းစကီးက ဒီလုပ်ရပ်ကို "လုံးဝ မတရားဘူး"၊ "မိတ်ဖက်ဆန်ဆန် လုံးဝမလုပ်တာပဲ" လို့ ပြောဆိုခဲ့ပြီး၊ မိုင်ယာမီမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ယူကရိန်းကိုယ်စားလှယ်တွေနဲ့ ဥရောပ မိတ်ဖက်တွေ က အမေရိကန် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဒါဟာ နောက်ကျောကို ဓားနဲ့ထိုးတာနဲ့ အတူတူပဲ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သောကြာနေ့က အနောက်နိုင်ငံ သတင်းထောက်တွေဆီ ပို့လိုက်တဲ့ အသံဖိုင် မှာတော့ ဇီလန်းစကီးက သမ္မတ ထရမ့်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ သီးသန့်သဘောတူညီချက်တစ်ခု ရယူဖို့အတွက် ယူကရိန်းကိုယ်စားလှယ်တွေကို "မျက်နှာဖုံးစက္ကူ  တစ်ခုအနေနဲ့" အသုံးချသွားခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဇီယော့ သတင်းဌာနနဲ့ သီးသန့်ဖုန်းအင်တာဗျူးတစ်ခုမှာလည်း ဇယ်လန်းစကီက "ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဒါက ပူတင်အတွက် မွေးနေ့လက်ဆောင်တစ်ခုပေးလိုက်သလိုပါပဲ။ လုံးဝ ရုပ်ဆိုးအကျည်းတန်လွန်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ သီတင်းပတ်အစောပိုင်းက ကျရောက်ခဲ့တဲ့ ရုရှားသမ္မတရဲ့ အသက် (၇၄) နှစ်ပြည့် မွေးနေ့ကို ရည်ညွှန်းပြီး ပြောဆိုသွားတာ ဖြစ်ပါတယ်။

သမ္မတ ဇယ်လန်းစကီက ထရမ့်ကို "အားနည်းတယ်" လို့ ဝေဖန်ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က ပထမပိုင်းမှာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို လျစ်လျူရှုခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ အဲဒီဝေဖန်ချက်တွေကို ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် မြင့်တက်နေတဲ့ လောင်စာဆီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့အတွက် ဒီသဘောတူညီချက်ဟာ မဖြစ်မနေ လိုအပ်ကြောင်းလည်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

"ကမ္ဘာကြီးအတွက် ရေနံလိုပါတယ်။ ဒါက ဒီဇယ်ဆီဖြစ်ပြီး၊ ကျနော်တို့ တကယ်လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇယ်ဆီတွေ ရရှိလာတာကို ကျနော်တို့ အရမ်းကို ဝမ်းသာပါတယ်" လို့ အမေရိကန်သမ္မတက ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post