Myanmar National Post

ဂန့်ဂေါမြို့ မြို့မဈေးတွင် စူပါအယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း မီးလောင်မှုမဖြစ်စေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး


ဂန့်ဂေါ၊ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စူပါအယ်လ်နီညိုဖြစ်စဉ်ကာလအတွင်း အပူရှိန်မြင့်မားပြီး မီးလောင်မှုများမဖြစ်ပွားစေရေးအတွက် အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မြို့မဈေးတွင် မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ မြို့မဈေးမီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင် ဦးဆောင်သော ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနများ၊ ဂန့်ဂေါမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မဈေးကော်မတီ အဖွဲ့ဝင်များ၊ ဈေးသူဈေးသားများနှင့်ပူးပေါင်း၍ လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်ခုံများ စစ်ဆေးခြင်း၊ ဈေး အတွင်း/အပြင်ရှိ ရေကန်များ ရေအမြဲအသင့်ရှိစေရေး စစ်ဆေးကြီးကြပ်ခြင်း၊ ရေစုပ်စက်များနှင့် ဈေးမီးဘေး လုံခြုံရေးအဖွဲ့များ အသင့်ရှိစေရေးကြီးကြပ်ခြင်း၊ ဈေးသန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးအတွက် စိစစ် ကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

မောင်မျိုးမင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post