




ပခုက္ကူ၊ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ တောင်သူများအား ဆီထွက်ပဲပုပ်သီးနှံမျိုးစေ့နှင့် နေကြာသီးနှံမျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်၁၀နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ၂၀၂၆ခုနှစ်ဆောင်းရာသီ ဆီထွက်ပဲပုပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်မျိုးသန့်ပြန့်ပွားရေးရည်ရွယ်၍ တောင်သူများအား တိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနအစီအစဉ်ဖြင့် မျိုးစေ့များထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်တာဝန်ရှိသူများ က မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၃)အုပ်စုမှ ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးမည့်တောင် သူ(၁၄)ဦး၏ စိုက်ဧက (၂၀)အတွက် ပဲပုပ်မျိုးရေဆင်း-၁၅ (၁၀)တင်း၊ စိုက်ဧက(၁၁)အတွက် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News