Myanmar National Post

ပခုက္ကူမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်






ပခုက္ကူ၊ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဆိုင်ရာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ် ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာနေထိုင်တတ်စေရေန်နှင့် စနစ်တကျပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်ကာ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်နေပြည်သူ များ၊ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများအား စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင် သည့် အပူဒဏ်အန္တရာယ်၊ မီးဘေးအန္တရာယ်၊ ကျန်းမာရေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ၊ သတင်းအမှားအမှန်ခွဲခြား သိမြင်နိုင်ရေးဆိုင်ရာများအား ကွင်းဆင်းအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သောက် သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွကမြို့ရေပေးရေးလုပ်ငန်းအခြေအနေ အား ကြည့်ရှုစစ်‌ဆေးပြီး လိုအပ်သည်များပေါင်းစပ်ဆောငရွက်ခြင်း၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများနှင့် ဟိုတယ်၊မိုတယ်လုပ်ငန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းတို့ကို ဌာနဆိုင်ရာများအလိုက် နေ့စဉ်အရှိန်အဟုန်မပျက်ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။


ဘာမီသာ (ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post