Eleven Media Group

ညောင်​လေးပင်၊ သဲကုန်းနှင့် ​​ညောင်ဦးမြို့နယ်တို့တွင် ရပ်​ကျေးအုပ်ချုပ်​ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးအပါအဝင် အမျိုးသား​လေးဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်

ညောင်​လေးပင်၊ သဲကုန်းနှင့် ​​ညောင်ဦးမြို့နယ်တို့တွင် ရပ်​ကျေးအုပ်ချုပ်​ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးအပါအဝင် အမျိုးသား​လေးဦးကို PDF များက ဖမ်းဆီး​ခေါ်​ဆောင်သွား​ကြောင်း သတင်းရရှိသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာနေ ရာအိမ်မှူးဦးကျော်ဆန်းလွင်(၅၁ နှစ်)နှစ်၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သိရသည်။

အလားတူ ​အောင်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ​ညောင်ဦးမြို့နယ် ဒါန်းကျင်းကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း(၆၆ နှစ်)နှစ်နှင့် ဦးမိုးစက်သော်(ခ)တရုတ်ကြီး(၃၆ နှစ်)တို့သည် ၎င်းတို့၏ နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဦးရဲနိုင်(၅၀ နှစ်)သည် ရုံးပင်တက်ကျေးရွာမှ သဲကုန်းမြို့သို့ ဘေးတွဲဆိုင်ကယ်ဖြင့် မောင်းနှင်ပြန်လာစဉ် ဖားစမ်းကန်ကျေးရွာအနီးအရောက် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားများအား ဖမ်းဆီးသွားသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင် နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group