Eleven Media Group

■ ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည့် အစီအစဉ်မရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန်

၅၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည့် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့(အောက်တိုဘာ ၁၈ ရက်) တွင် ထုတ်ပြန်သည်။

လတ်တလော လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် သတင်း မီဒီယာအချို့က ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအမျိုးအစားသစ်အား ထုတ်ဝေမည့်သတင်းများ ဖြန့်ဝေလျက်ရှိရာ (ကျပ်ငွေငါးသောင်းတန်) ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့် မမှန်မကန်သော ကောလာဟလသတင်းများ ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းသတင်းများသည် မှန်ကန်မှုမရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်များ ထုတ်ဝေမည့် အစီအစဉ်မရှိကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ပြည်တွင်းဈေးနှုန်းတည်ငြိမ်မှုရရှိရန်နှင့်ထိန်းသိမ်းရန်ဖြစ်သည့်အတွက် ငွေကြေးတည်ငြိမ်ရေးနှင့် ငွေကြေးစနစ်တည်ငြိမ်ရေးတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့ဖြစ်၍ ယခုကဲ့သို့ အများပြည်သူ၏ အကျိုးစီးပွားကို ပျက်ယွင်းအောင် ‌ဈေးနှုန်းမတည်မငြိမ်မှုဖြစ်ပေါ်အောင် သတင်းမှားဖြန့်ဝေသူများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group