Eleven Media Group

■ မိုးကောင်းမြို့နယ်တွင် ရွေးချယ်ခံအုပ်ချုပ်ရေးမှူး ၇၀ ကျော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA)၏ အရပ်ဘက်-စစ်ဘက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (CMRCC) တွေ့ဆုံပြီး ဒေသဖွံ့တိုးတက်​ရေးကိစ္စများ ​ဆွေး​နွေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာတွင် ရွေးကောက်ခံထားရသည့် အုပ်ချုပ်ရေးမှူး ၇၀ ကျော်နှင့် ရှမ်းနီလက်နက်ကိုင်အဖွဲဲ့ (SNA) တပ်မဟာ (၅၆၅)၊ အရပ်ဘက်-စစ်ဘက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (CMRCC)တို့ အောက်တိုဘာ ၁၈ ရက်တွင် ကညှင်မြိုင်ကျေးရွာရှိ တပ်ရင်း (၃၈၃) ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသတွင်း အေးချမ်းသာယာရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး SNA တပ်မဟာ (၅၆၅) ဒုတပ်မဟာမှူးစဝ်ဆေဘုန်းကျော်က ရှမ်းနီအမျိုးသားများ၏ အဓိကမျှော်မှန်းချက် ၅ ရပ်ကို ရှင်းလင်းတင်ပြခဲ့သည်။

SNA တပ်မဟာ ၅၆၅ ဒုတပ်မဟာမှူး စဝ်ဆေဘုန်းကျော်က" ကျွန်​တော်တို့က အစိုးရမူဝါဒအတိုင်း သွားနေတဲ့အခါ ပြည်သူကလည်းသိသင့်တယ်။ ကျွန်​တော်တို့အကောင်အထည် ဖော်နေတဲ့ မူဝါဒလည်းချပြတာ ။ ကျွန်​တော်တို့ဘက်က ကူညီနိုင်တာလည်း ကူညီမယ်။ သူတို့ဘက်က ထောက်ပြစရာတွေရှိလည်း ကျွန်​တော်တို့ဘက်က သိရအောင် တွေ့ဆုံပွဲလုပ်တာပါ။ ရပ်ကျေးတိုင်း မလာနိုင်သည့်တိုင်အောင် အုပ်စုတိုင်း ပါလာကြတယ်။သံလမ်းရိုး ၊ကားလမ်းရိုဆိုတော့ ရှမ်းလူမျိုး၊ ဗမာလူမျိုး၊ ကချင်မျိုး အစုံပါပဲ။ ရပ်ရွာက လက်ရွေးစင်တွေကိုး။ ကျွန်​တော်တို့ဘက်ကလည်း မူဝါဒနှင့် ကူညီနိုင်တာတွေကို အားပါးတရ ဆွေးနွေးဖြစ်ပါတယ်။မိုးညှင်းမြို့နယ်ဘက်လည်း တွေ့ဆုံပွဲတွေ လုပ်နိုင်အောင် ကြိုးစားနေကြပါတယ်"ဟု ​ပြောကြားသည်။

ရွေးချယ်ခံအုပ်ချုပ်ရေးမှူးများက ဒေသတွင်း လိုအပ်ချက်များဖြစ်သည့် မူးယစ်ဆေးဝါး၊လုံခြုံ​​ရေးကိစ္စရပ်များတင်ပြခဲ့သည်။SNA ခေါင်းဆောင်များနှင့် ပြည်သူများအကြား ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

၂၀၂၆ ခုနှစ် ​​အောက်တိုဘာ ၉ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNUC/SNA) တို့ တွေ့ဆုံ၍ SNUC/SNA အား နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးထားသည်။

မူရင်းသတင်း — Eleven Media Group