
အောက်တိုဘာ ၂၁ ရက်တွင် တိုကျိုနှင့် အိုဆာကာတို့သည် အပူချိန် ၃၀ ဒီဂရီဆဲလ်စီယပ်အထက် ကျော်လွန်ခဲ့ရာ ယင်းသည် တစ်နှစ်အတွင်းထိုမြို့နှစ်မြို့၌ ယခုကဲ့သို့သောအပူချိန်ကိုမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်မိုးလေဝသတာဝန်ရှိသူကပြောကြားခဲ့သည်။
တောင်ပိုင်းမှပူနွေးသော၊ စိုထိုင်းသောလေများက ဂျပန်တစ်ခွင် အထူးသဖြင့် ပစိဖိတ်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဂျပန်ဒေသများကို တိုက်ခတ်ခဲ့သောကြောင့် အောက်တိုဘာလကုန်ပိုင်း အပူချိန်များသည် ပုံမှန်မဟုတ်ဘဲ မြင့်တက်လာခဲ့သည်။
တိုကျိုမြို့သည် အောက်တိုဘာ ၂၁ ရက် မွန်းလွဲတွင် အပူချိန် ၃၀ ဒီဂရီဆဲလ်စီယပ်အထက်ကို ကျော်လွန်သွားခဲ့ရာ ထိုအပူချိန်သည် နွေလယ်နေ့တစ်နေ့၏အပူချိန်မျိုးဖြစ်နေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီကသတ်မှတ်ကြောင်း ယင်းအေဂျင်စီ၏ဒေတာသိပ္ပံ တာဝန်ရှိသူ ကူဇူဟီရိုရှီရိုနိုက AFP ကို ပြောကြားခဲ့သည်။
ယခုအပူချိန်သည် ၁၈၇၅ ခုနှစ်တွင် အပူချိန် မှတ်တမ်းများစတင်ပြုစုခဲ့ပြီးနောက်ပိုင်း ဂျပန်မြို့တော်တိုကျို၌ နောက်ဆုံးအကြိမ် အပူချိန် ၃၀ ဒီဂရီဆဲလ်စီယပ်ကျော်လွန်ခဲ့သည့်နေ့ဖြစ်လာခဲ့သည်ဟု သူကပြောကြားသည်။
ယင်းမတိုင်မီနောက်ဆုံး နွေလယ်နေ့ အပူချိန်မှတ်တမ်းသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တုန်းက မှတ်တမ်းဖြစ်သည်ဟု ဆိုသည်။
အပူချိန်များသည် ဂျပန်၏ဒုတိယမြို့ကြီးဖြစ်သောအိုဆာကာတွင်လည်း ၃၀ ဒီဂရီ ဆဲလ်စီယပ်ကို ကျော်လွန်ခဲ့ရာ ယင်းသည် အိုဆာကာ၌ ၁၉၃၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တုန်းက တင်ခဲ့သည့် နွေလယ်နေ့ စံချိန်ဟောင်းကို ချိုးခဲ့သည်ဟု ဆိုသည်။
Ref:AFP