
နယ်စပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို အောက်တိုဘာ ၂၃ ရက်တွင် အဆိုပြုခဲ့သည်။
ကိုရီးယား နှစ်နိုင်ငံနယ်စပ်ရှိ စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယားစစ်သားသုံးဦးဒဏ်ရာရခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာခဲ့သည်။
ထို့ကြောင့် နယ်စပ်တွင် တိကျသော တည်နေရာကို အပြန်အလှန်အတည်ပြုရန်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်စတင်ရေးအတွက် ဆွေးနွေးရန် တောင်ကိုရီးယားက အဆိုပြုခဲ့သည်။
ကြက်ခြေနီနှင့် စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှု လမ်းကြောင်းများ ပြန်လည်စတင်ရန်နှင့် နယ်စပ်ဒေသများ၌ မတော်တဆ ထိတွေ့မှုများ မဖြစ်ပွားစေရန်အတွက် စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်း (MDL) ၏ တိကျသော တည်နေရာကို နှစ်ဖက်စလုံး အပြန်အလှန် အတည်ပြုနိုင်ရေး အလို့ငှာ မြောက်ကိုရီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပရန် တရားဝင် အဆိုပြုကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန မူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး ကင်ဟုန်းချောက သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကုလသမဂ္ဂ ကွပ်ကဲရေးဌာန (UN Command) ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့လည်း ဖြစ်နိုင်ပါတယ်။တိကျတဲ့ ရက်စွဲနဲ့ တည်နေရာတွေကို ပန်မွန်ဂျွန်ကျေးရွာ (တောင်နှင့်မြောက်ကိုရီးယားကြား ဆွေးနွေးပွဲများပြုလုပ်လေ့ရှိသည့်နေရာ) ကတစ်ဆင့် ဆွေးနွေးနိုင်ပါတယ်။မြောက်ကိုရီးယားဘက်က အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို မျှော်လင့်ပါတယ်" ဟု ကင်က ပြောဆိုခဲ့သည်။
Ref: AFP