
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ခရီးသည်များ အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရသော ခရီးစဉ်များ ဖြစ်စေရန်အတွက် လာမည့် နိုဝင်ဘာ ၁ ရက်မှစတင်၍ Checked Baggage သယ်ဆောင်ခွင့်ဆိုင်ရာ စည်းမျဉ်းသစ်များကို စတင်ကျင့်သုံးတော့မည် ဖြစ်သည်။
ထုတ်ပြန်ချက်အရ အဆိုပါ သယ်ဆောင်ခွင့် စည်းမျဉ်းသစ်များကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ စတင်လိုက်နာရမည်ဖြစ်ပြီး ခရီးစဉ်အတန်းအစားအလိုက် Checked Baggage ခွင့်ပြုချက်များမှာ Economy Class (20KG ): အိတ် ၁ လုံးသာ သယ်ဆောင်ခွင့်ပြုမည်၊ Economy Class (30KG ): အိတ် ၂ လုံးအထိ သယ်ဆောင်ခွင့်ပြုမည်၊ Business Class (40KG ): အိတ် ၂ လုံးအထိ သယ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။
ထို့အပြင် ခရီးသည်များအားလုံး၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လေကြောင်းလိုင်းဆိုင်ရာ လုံခြုံရေး (Aviation Safety) စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော သို့မဟုတ် သံသယဖြစ်ဖွယ်ရာ Checked Baggage များကို MAI လေကြောင်းလိုင်းအနေဖြင့် လက်ခံသယ်ဆောင်ပေးမည်မဟုတ်ကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။