Eleven Media Group

■ ​မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ဘန်ကောက်နှင့် စင်ကာပူ ခရီးစဉ်များတွင် Baggage Allowance (၃၀) ကီလိုဂရမ် တိုးမြှင့်ပေးသည့် အစီအစဉ် အောက်တိုဘာလကုန်အထိ ထပ်မံရက်တိုးမြှင့်

​မြန်မာအမျိုးသားလေကြောင်း (MNA) ၏ (၇၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ခရီးသွားပြည်သူများ ခရီးစဉ်များကို ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ခရီးဆောင်အိတ်များ ပိုမိုသယ်ဆောင်နိုင်ရေးအတွက် MNA ၏ ပြည်ပခရီးစဉ်များဖြစ်သော ဘန်ကောက်နှင့် စင်ကာပူ ခရီးစဉ်များတွင် All Economy Class များအတွက် ခွင့်ပြုခရီးဆောင်အိတ် အလေးချိန် (Baggage Allowance) ကို ၃၀ ကီလိုဂရမ် (30 KG) အထိ တိုးမြှင့်သတ်မှတ်ပေးသည့် အစီအစဉ်အား ထပ်မံရက်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

​အဆိုပါ Baggage Allowance တိုးမြှင့်ပေးသည့် အစီအစဉ်၏ သက်ရောက်မှုကာလ (Effective Date) မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖြစ်ပြီး MNA လေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက်-ရန်ကုန် နှင့် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် Economy Class ခရီးသည် အားလုံးအတွက် အကျုံးဝင်မည်ဖြစ်သည်။

​မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရေးအတွက် ယခုကဲ့သို့ အခွင့်အရေးများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လက်မှတ်ဝယ်ယူခြင်းနှင့် ခရီးစဉ်အသေးစိတ် အချက်အလက်များကို MNA ၏ တည်ဆောက်ထားသော Ticketing Sales Agents များ၊ တရားဝင် Website (www.flymna.com) နှင့် Mobile Application တို့မှတစ်ဆင့် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group