





ဆင်ပေါင်ဝဲ၊ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရိုးရာလှေလှော်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းဘေး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အေးချမ်းသာယာစွာဖြင့် ရိုးရာယဉ်ကျေးမှု ပွဲတော်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ အားကစားစိတ်ဓာတ် ထက်သန်စေရေးနှင့် စည်းလုံးညီညွတ်မှု တိုးတက်စေရေးတို့အတွက် ယခုလို ရိုးရာလှေလှော်ပြိုင်ပွဲကို စည်းကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရိုးရာလှေလှော်ပြိုင်ပွဲကို စတင်ကျင်းပရာ ရပ်ကွက်များနှင့် ကျေးရွာများမှ ပြိုင်ပွဲဝင် အသင်းသူ၊ အသင်းသားများက အားကြိုးမာန်တက် တက်ညီလက်ညီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲကြည့်ပရိသတ် ဒေသခံပြည်သူများကလည်း အားပေးစကားများဖြင့် စည်ကားသိုက်မြိုက်စွာ ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါဗုဒ္ဓပူဇနိယပွဲတော်နှင့်ရိုးရာလှေလှော်ပြိုင်ပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊အသင်းသူ/အသင်းသားများနှင့်ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
#News #Myanmar