Myanmar National Post

ဘားအံမြို့တွင် ဓမ္မစကူးလ် မူလတန်းအဆင့် ဆရာအဖြစ်သင်တန်း ဖွင့်လှစ်


ဘားအံ၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ် ဓမ္မစကူးလ်ကော်မတီတို့က ကြီးမှူးသည့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း မူလတန်းအဆင့် ဆရာအဖြစ်သင်တန်း သင်တန်းအမှတ်စဉ် (၁၄၀၆ ) ကြိမ်မြောက် သင်တန်းဖွင့်ပွဲအအခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက ခွယ်ကဘောင်ပညာ ဥယျာဉ်ကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ မွန်တိုင်းရင်းသား‌လူမျိုး‌ရေးရာဝန်ကြီးနှင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့ တက်ရောက်သည်။

ဦးစွာ ဆရာ‌တော်သံဃာတော်များနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ သင်တန်းသားများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဘားအံမြို့နယ် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဆရာတော်က မူလတန်းဆရာအဖြစ် သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ မိန့်ကြားသည်။

ထို့နောက်ကရင်ပြည်နယ်အစိုးအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် အလှူငွေ (၁၂၄၃၂၀၀၀၀) ကျပ်သိန်းအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ပေးအပ်လှူဒါန်းရာ သင်တန်းသားတစ်ဦးက လက်ခံရယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်ပွဲအခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ‌အောက်တိုဘာ ၂၅ ရက်နေ့မှ ၃၁ ရက်‌နေ့အထိ သင်တန်းသား (၈၀) ဦးအား သင်ကြားပို့ချ‌ေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးသည် နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်မည့် (၇၁) နှစ်မြောာက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများလက်ဝှေ့ဝါသနာရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးကို တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


မျိုးမင်းဦး

#News #Myanmar


မူရင်းသတင်း — Myanmar National Post