
မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားနေထိုင်၍ အလုပ်လုပ်ကိုင်နေကြသော ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် သီတင်းကျွတ်လပြည့်နေ့ အလှူတော်အဖြစ် ယနေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းတွင် ထိုင်း-မြန်မာ ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့နေ ထိုင်းလူမျိုးများနှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများသည် မဲ ဆောက်မြို့ပိုင်ရုံးမှ ဟုန်လုံ၊ မော်ဘီကယ်လမ်းဆုံမှ ရဲစခန်းရှေ့၊ စာတိုက်ရှေ့၊ မြို့ပိုင်ရုံးအဆုံး သံဃာ ၅၀၀ကျော်နှင့် သီလရှင်ဆရာလေးများအား
ဆွမ်းဆန်စိမ်း၊ စားသောက်ဖွယ်ဝတ္ထုများလောင်းလှူခဲ့ကြသည်။
Photo. CJ