Myanmar National Post

ကျိုက်ထိုမြို့နယ်ရှိ တန်ခိုးကြီးစေတီပုထိုးများ၌ သီတင်းကျွတ်လပြည့်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ






ကျိုက်ထို၊ အောက်တိုဘာ   ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသော တန်ခိုးကြီးစေတီပုထိုးများနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများ၌ သီတင်းကျွတ်လပြည့် ရုံးပိတ်ရက်များအတွင်း နေရပ်ဒေသအသီးသီးမှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေ့ အခါသမယတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ အထင်ကရတန်ခိုးကြီးဘုရား‌၊ စေတီများဖြစ်သည့် ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား၊ သံသရာအေးစေတီတော်နှင့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓဂေါတမရုပ်ပွားတော်မြတ်ကြီးတို့၌ ဘုရားဖူးလာ မိဘပြည်သူများသည် ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြပြီး အလှူဒါနများ ပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဂေါပကအဖွဲ့များ၏ ပံ့ပိုးမှုဖြင့် စတုဒိသာကျွေးမွေးခြင်းများဖြင့် ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ သီတင်းကျွတ်အခါသမယ ရုံးပိတ်ရက်ရှည်များအတွင်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုပူဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဂေါပကအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar

မူရင်းသတင်း — Myanmar National Post