Myanmar National Post

ရခီး AA နှင့် ခရီး မီဒီယာများ လုပ်ကြံသတင်းတွေနဲ့ ဂုဏ်ဆာနေကြအုံးမှာလား


ဒီနေ့ ဒီအချိန်ကစပြီး AA အကြမ်းဖက်အဖွဲ့ကို ရခီး AA၊ ရခီး AA ကို လော်ဘီလုပ်နေတဲ့ ရခိုင်မီဒီယာများကို ရခီးမီဒီယာများလို့သာ သုံးနှုန်းပြောဆိုသွားပါမယ်။ ဘာကြောင့်လဲဆိုရင် AA နဲ့ လော်ဘီမီဒီယာတွေဟာ ကိုယ့်အမျိုးကို သေတွင်းထဲတွန်းပို့နေတဲ့ အမျိုးယုတ်တွေ ဖြစ်ခြင်းကြောင့် ရခီး လို့ပဲ သုံးနှုန်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရခီးမီဒီယာတွေမှာ ယမန်နေ့က ဧရာဝတီစစ်မျက်နှာမှာ တပ်က အရာရှိတွေ ဘယ်လို ထိခိုက်ဒဏ်ရာရ သေဆုံးရှိပါတယ်ဆိုတဲ့ စိုက်ဝါးသတင်းတွေ ဖြန့်နေတာ တွေ့ရပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်မရှိဘဲ သတင်းဖန်တီးရေးသား ဖြန့်ဝေခြင်းသာ ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ရပ် အမှန်တကယ် ရှိခဲ့တာက ရခီး AA အကြမ်းဖက်အဖွဲ့ထဲကနေ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ ဖြစ်စဉ်ကတော့ အမှန်တကယ် ရှိခဲ့ပါတယ်။ ရခီးထွန်းမြတ်နိုင်အတွက် သေပွဲဝင်ဖို့ မထိုက်တန်ဘူးဆိုတာကို သိပြီး ဧရာဝတီတိုင်းထဲမှာ လာရောက် အလင်းဝင်ကြရာမှာ AA အဖွဲ့ဝင် ၁၅ ဦး၊ PLF အဖွဲ့ဝင် ၁ ဦးနှင့် PDF အဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်ပါတယ်။ တာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ၂၈-၁၀-၂၀၂၆ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါက ရခီး AA အဖွဲ့ ဂုဏ်ဆာနေသလို ရခိုင်တိုင်းက AA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးနေခြင်းမဟုတ်ဘဲ အဓမ္မ စုဆောင်းခံရပြီး ရခီးထွန်းမြတ်နိုင်အတွက် အမှုထမ်းနေရတဲ့ အခြေအနေကနေ ရုန်းထွက်ခဲ့ကြခြင်းဖြစ်ပါတယ်။

စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ရခီး AA က လုပ်ကြံသတင်းတွေ ထုတ်ပြန်၊ ရခီးမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းဖြန့်ချိပေးနေတာလည်း ရှိပါတယ်။ သို့သော် အခြေအနေမှန်က ရခီး AA အဖွဲ့က ထုတ်ပြန်နေသလို မဟုတ်ဘဲ ငပြီကျွန်းမှာ တပ်မတော်ရဲ့ဗျူဟာမြောက် တိုက်ခိုက်ချေမှုန်းနေခြင်းကို ခံနေရလို့ ရခီးAA  အကြမ်းဖက်သမားများ သေဆုံးမှု များပြားနေပြီး လက်ကျန် ရခီးAA အကြမ်းဖက်သမားများ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါပြီ။ ဥပဒေဘောင်အတွင်း ဝင်ရောက်ချင်တယ်ဆိုရင်တော့ အခွင့်အရေးရှိပါတယ်။ ရခီးထွန်းမြတ်နိုင်အတွက် ဆက်ပြီး သေပွဲဝင်မယ်ဆိုရင်လည်း ရခီးတွေရဲ့ သဘောပါပဲ။

၂၉-၁၀-၂၀၂၆ ရက်နေ့ အခြေအနေမှာ တပ်မတော်ရဲ့ ၄၉၂၆ စစ်ဆင်ရေးထိုးစစ်ကြီးကြောင့် ရခိုင်ပြည်နယ်ရဲ့ စစ်မျက်နှာဒေသအစုံမှာ ရခီးAA အကြမ်းဖက်သမားတွေ သေဆုံးမှု များပြားစွာ ရှိနေပါတယ်။

အထူးသဖြင့် စစ်တွေ၊ ငပြီကျွန်း၊ ရွာမရွာဘက်မှာ တပ်မတော်က ဗျူဟာမြောက် ချေမှုန်းနေတာကြောင့် ရခီးAA အကြမ်းဖက်သမားတွေ အများအပြား သေဆုံးသွားရခြင်း ဖြစ်ပါတယ်။

စစ်ပွဲမှာအရေးနိမ့်နေပြီဆိုရင် ဥပဒေဘောင်အတွင်း ဝင်မလား၊ သေပွဲဝင်မလား ဒီနှစ်လမ်းပဲ ရှိပါတော့တယ်။ ရခီးတွေ ဘယ်လောက်တောင် စိတ်ပျက်လက်ပျက် ဖြစ်နေကြသလဲဆိုရင် ရခီးAA အဖွဲ့က ခေါင်းကြီးပိုင်း ရခီး(အမျိုးယုတ်)တွေ ရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတော့ဘဲ ထင်ရာမြင်ရာ လုပ်နေကြတဲ့ အခြေအနေကို ရောက်ရှိသွားပြီ။

ငပြီကျွန်းမှာ ဆိုရင် ခရီး AA တွေ ခဲယမ်း/ ရိက္ခာပြတ်လပ်ပြီး ပြန်လည်ခုခံဖို့တောင် အင်အားမရှိတော့ပါဘူး။ ပြန်လည်ခုခံဖို့ လက်နက်တွေပျက်စီးနေပြီး သုံးမရတဲ့အခြေအနေ ရောက်သွားကြပြီလို့လည်း သိရပါတယ်။ ကူရာမဲ့နေတဲ့ ရခီးလေးတွေကို ရခီးAA အမျိုးယုတ်ကြီးတွေက မူးယစ်ဆေးကျွေးပြီး အတင်းဇွတ်တိုးခိုင်းနေတဲ့ လုပ်ရပ်က ရခိုင်လူငယ်တွေကို စာနာမှုကင်းမဲ့လွန်းပြီး သေတွင်းထဲ တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေမှာ ပြောရင် လေတစ်လုံးမိုးတစ်လုံး အခြေအနေမလှတော့ဘူးဆိုရင် လူငယ်တွေကို မူးယစ်ဆေးကျွေးပြီး သေပွဲဝင်ခိုင်းတဲ့ လုပ်ရပ်တွေက KNU, KIA, PDF, AA အားလုံးဟာ အတူတူပါပဲ။ 

မြေပြင်အခြေအနေ ကျဆုံးမှု အမှန်တရား အရှိတရားကို ရခီး AA အဖွဲ့က ထုတ်ပြန်ပေးပါအုံး။ ရခီးမီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်း ဖြန့်ချိပေးပါအုံး။ ရခိုင်တွေအနေနဲ့ အမျိုးချစ်တယ်ဆိုရင် ကိုယ့်တိုင်းရင်းသားတွေကို သေတွင်းထဲ မပို့ရဘူး။ သေတွင်းထဲ တွန်းပို့နေတဲ့ ရခီးထွန်းမြတ်နိုင်၊ ရခီးညိုထွန်းအောင်၊ ရခီးခံသုခ တို့ကို မင်းတို့တွေရဲ့ အတ္တအတွက် ရခိုင်တစ်မျိုးလုံးကို သေတွင်းထဲ တွန်းပို့နေတာလားလို့ မေးခွန်းထုတ်ကြရမှာ ဖြစ်ပါတယ်။ 

တချို့ကိစ္စတွေမှာ ဝဋ်ဆိုတာ ဘဝမကူးဘူး။ ဗမာတွေကို အစုလိုက်အပြုံလိုက် သတ်လိုက်ရလို့ ပျော်ခဲ့ကြတယ်မှတ်လား၊ ပျော်စရာမဟုတ်ဘူး၊ အကုသိုလ်ကြီးမားလွန်းရင် ချက်ချင်းအကျိုးပေးတယ်။ ရခိုင်လူငယ်တွေ အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း အမြန်ဆုံး ဝင်ရောက်နိုင်ပါစေ။


မေတ္တာဖြင့် 

နောင်

#News #Myanmar


မူရင်းသတင်း — Myanmar National Post