Myanmar National Post

ပခုက္ကူမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မပျက်ဆောင်ရွက်





ပခုက္ကူ၊ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စူပါအယ်လ်နီညိုရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာနေထိုင်တတ်စေရေန်နှင့် စနစ်တကျပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ကွင်းဆင်းဆောင်ရွက်ကြသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှတာဝန်ရှိသူ များနှင့်ဝန်ထမ်းများပူးပေါင်းပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ခရီးသွားပြည်သူများ အား စူပါအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်၊ မီးဘေးအန္တရာယ်၊ ကျန်းမာရေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်များ၊ သတင်းအမှားအမှန်ခွဲခြားသိမြင်နိုင်ရေးဆိုင်ရာများကွင်းဆင်းအသိပညာပေးဟောပြော ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသောသောက်သုံးရေဖူလုံ စွာရရှိသုံးစွဲနိုင်ရေးအတွက် ရေလှောင်ကန်များ၌ ရေဖြည့်တင်းထားရှိခြင်း၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများနှင့်ဟိုတယ်၊ မိုတယ်လုပ်ငန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့ကို အရှိန်အဟုန်မပျက်ဆက်လက်ကွင်းဆင်းဆောင်ရွက်ကြ ကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#News #Myanmar


မူရင်းသတင်း — Myanmar National Post